တွေ့ မိတာ နဲ့ တွေး မိတာလေး တွေ

December 21, 2008

မနေ့ က Blog တွေထဲ လျှောက်လည် ရင်း တွေ့ မိတာ နဲ့ တွေး မိတာလေး တွေကို ပြန်ပြီးဖေါက်သည် ချ ခြင်တာပါ။

http://niknayman-niknayman.blogspot.com ကနစ်နမန်း ရဲ့ Post ပါ။

ဒီဇင်ဘာလ (၂၃) ရက်နေ့ မှ စပြီး ရက်သတ္တပါတ် နှစ်ပါတ်တိတိ “စံပယ်” လှုပ်ရှားမှု စတင်မည်။ မြန်မာပြည်သူပြည်သားမှန်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါ။

ဒီဇင်ဘာလ (၂၃) ရက်နေ့ မှ စပြီး ရက်သတ္တပါတ် နှစ်ပါတ်တိတိ “စံပယ်” လှုပ်ရှားမှု စတင်မည်။ မြန်မာပြည်သူပြည်သားမှန်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါ။

ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူလူထုတရပ်လုံး အထွေထွေကျပ်တည်းမှုများဖြင့် ဆင်းရဲဒုက္ခ ကျရောက်နေချိန်တွင် တိုင်းပြည်၏ သယံဇာတများကို မတရားထုတ်ယူပြီး၊ ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစား၍ စည်းစိမ် စံစားနေသော အာဏာရှင်လူတန်းစားကို ပယ်ရှား တော်လှန်နိုင်ရန်နှင့် ယနေ့ မတရားအကျဉ်း “စံ”နေရသော နိုင်ငံရေးအကျဉ်းသားများကို ထိုအကျဉ်းထောင်မှ”ပယ်”နိုင်ရေးအတွက် လူုငယ်များမှ ဦးဆောင်ပြီး “စံပယ်” ပန်းများကို ချိတ်ဆွဲဆင်ယင်ခြင်း၊ ဘုရားများတွင် ကပ်လှုပူဇော်ခြင်းများ လှုပ်ရှားဆောင်ရွက်မည်ဖြစ်ပါသည်။

ပြည်သူလူထုတရပ်လုံးမှလည်း “စံ” နေသောသူများကို “ပယ်” ရှားရေးအတွက် “စံပယ်” လှုပ်ရှားမှုတွင် ပါဝင် အားဖြည့်လှုပ်ရှားကြပါရန် လေးနက်စွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။

စတင်ပြုလုပ်မည့်ရက်။ ။ ဒီဇင်ဘာလ (၂၃) ရက် (အင်္ဂါနေ့ ) ။

အချိန်ကာလ။ ။ ရက်သတ္တပါတ် (၂ ပါတ်တိတိ) နေ့ စဉ်ပြုလုပ်ပါမည်။

အောက်ဖေါ်ပြပါအတိုင်း အတူတစ်ကွ ပူးပေါင်းဆောင်ရွက်ပေးကြပါ။

- စပါယ်ပန်းများကို ဘုရားစေတီပုထိုးများတွင် လှူဒါန်းကြပါ။

- စပါယ်ပန်းများကို ဘုရားစင်တွင် ကပ်လှူ ပူဇော်ကြပါ။

- စပါယ်ပန်းများကို မိမိတို့  ဦးခေါင်းထိပ်တွင် ပန်ဆင်ကြပါ။

- စပါယ်ပန်းကုံးလေးများကို မိမိတို့  ကိုယ်ခန္ဓာပေါ်တွင် ဆင်ယင်ကြပါ။

- စပါယ်ပန်းကုံးလေးများကို မော်တော်ယာဉ်များတွင် ချိတ်ဆွဲကြပါ။

- မိမိတို့  ပိုက်ဆံအိတ်များ၊ အိမ်ခန်းတွင်းများ၊ လက်ကိုင်ပုဝါများအကြား အစရှိသည်တို့ တွင် စပါယ်ပန်းပွင့်များကို ဆောင်ထားပေးကြပါ။

တိုင်းပြည်ချစ်သော မျိုးဆက်သစ်လူငယ်များ။

အပြည့်စုံကို ဒီမှာဖတ်ပါ။

ဒုတိယက ကိုညီလင်းဆက်ရဲ့ ….

စံပယ်မေးခွန်း

ဒီနေ့ အင်တာနက်တက်တော့ သတင်းတစ်ပုဒ် တွေ့မိတယ်။ စံနေတဲ့သူတွေကို ပယ်နိုင်ဖို့ စံပယ် လှုပ်ရှားမှု လုပ်ကြမယ်တဲ့။ ဒါကြောင့် ဒါကို ပူးပေါင်းပါဝင်ဖို့ နှစ်ပါတ်တိတိ စံပယ်ပန်းတွေကို ဘုရားမှာ လှူကြပါ၊ ပန်ကြပါ၊ မော်တော်ယာဉ်မှာ ချိတ်ဆွဲကြပါ၊ အိတ်ကပ်ထဲမှာ ထည့်ကြပါ ဘာညာပေါ့။ ကျွန်တော့်မယ် ဘယ်လိုတောင် ဖြစ်သွားမှန်း မသိဘူး။ ဘုရားမှာ စံပယ်ပန်း လှူတယ်ဆိုတာ အခုမှ မဟုတ်ဘူး ဟိုးအရင် နှစ်ပေါင်းများစွာ ကတည်းက။ ကားမှာ စံပယ်ပန်း ချိတ်တာကလည်း အခုမှ မဟုတ်ဘူး၊ လုပ်ရိုးလုပ်စဉ် ကိစ္စကြီး။
ဒါမျိုး ရောချပြီး နိုင်ငံရေး လှုပ်ရှားမှုထဲ ထည့်တာကတော့ ရုပ်ပျက်လွန်းအား ကြီးပါတယ်။
ဘုရားပေါ်က စံပယ်ပန်းသည်ကို ဒါငါတို့ကို ထောက်ခံလို့ ရောင်းနေတာလို့ ပြောရမလား။ ကားပေါ်မှာ စံပယ်ပန်း ဆွဲမိတဲ့ လူတစ်ယောက်ကို ငါတို့ကို ထောက်ခံနေသူကြီးပါလို့ မှတ်တော့မလို့လား။ ဒါမှမဟုတ် ဒီလူတွေက ပြဿနာတက်မှာ ကြောက်ပြီး ကိုယ့်စီးပွားရေး အပျက်ခံ ပန်းမရောင်းဘဲ နေရမလား။ ဒီလို သိပ္ပံခေတ်ကြီးထဲမှာ စံနေတဲ့သူကို ပယ်နိုင်ဖို့ ဆိုတဲ့ ရှေးရိုးစွဲ ယတြာလိုလို အတိတ်လိုလို တဘောင်လိုလို ဟာတွေနဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အကျင့်စရိုက်ကြီးကို ဘာလို့များ ဖော်ထုတ်ချင်ရတယ် မသိဘူး။

လုပ်ချင်ရင်လည်း ယိုးဒယားက ရဲရဲဝံ့ဝံ့ အဝါနဲ့ အနီ ဝတ်သလို ဝတ်ကြပေါ့။
အခုဟာကတော့ဗျာ ဒီသတင်း မသိဘဲ ရိုးရိုးသားသား ကိုယ့်ဟာကိုယ်ကို စံပယ်ပန်း ပန်မိရင်၊ ဘုရားမှာ လှူမိရင်၊ ကားထဲမှာ ချိတ်ဆွဲမိရင်တောင် တစ်ဖက်ကလည်း
ငါတို့ကို ထောက်ခံလို့လို့ တွေးနိုင်သလို တစ်ဖက်ကလည်း လှုပ်ရှားမှုထဲမှာ ပါနေတဲ့ သူပါလားလို့ထင်ယောင်ထင်မှား မဖြစ်သွားစေဘူးလား။ မဆိုင်တဲ့သူတွေ ဒုက္ခမရောက်ဘူးလား။
ဒီအကြံကိုတော့ ကျွန်တော်ဖြင့် အံ့သြလို့ မဆုံးဘူး။ Ambiguous ဖြစ်အောင်ကို တမင်လုပ်တာလားဗျာလို့ မေးချင်ပါရဲ့။ ဒီပိုစ့်ရေးလို့ စိတ်ဆိုးချင် စိတ်ဆိုးကြမယ်။ ဒါပေမယ့် ကျွန်တော် စိတ်ထဲမယ် ခံစားမိတဲ့အတိုင်း ရေးလိုက်တာပါပဲ။ ဒီအတွက် တိုင်းပြည်ချစ်တဲ့ လူငယ်တွေထဲ ကျွန်တော် မပါဘူး ပြောမယ်ဆိုလည်း ခံရုံပေါ့ဗျာ။
PS: စံပယ်ဆိုတာကို မြန်မာအဘိဓာန်မှာ အဓိပ္ပာယ် နှစ်မျိုး ဖွင့်တယ်။ တစ်မျိုးက စံပယ်ပန်းပေါ့။ နောက်တစ်မျိုးကတော့ တင့်တယ်သည်။ ကျက်သရေ ရှိသည်။ ခမ်းနားကြီးကျယ် တင့်တယ်စွာ နေထိုင်သည် ဆိုပဲဗျ။
စံနေတဲ့သူကိုပယ်နိုင်အောင် စံပယ်ပန်း ယတြာချေရမယ်လို့ အခါပေးတဲ့ ဗေဒင်ဆရာများရှိရင် တွေ့ချင်ပါသေးရဲ့ဗျာ။ ဘာနည်းနဲ့များ တွက်သလဲလို့။
အပြည့်စုံကို ဒီမှာဖတ်ပါ။
ဒါနဲ့ စိတ်ဝင်စားလို့  Comment လေးတွေ ရှာဖတ်ကြည်.တော့ …နစ်နမန်း ရဲ့ Post မှာဘာ Comment မှပေးထားတာမတွေ့ ရဘဲ ကိုညီလင်းဆက်ရဲ့ Post မှာတော့…

ဒါက နိုင်ငံရေး လူပေါ်လူဇော် လုပ်တာပဲ။ အကြံကုန် ဂဠုန်ဆားချက်၊ ဘာမှ ကြံရာမရဖြစ်တော့ သွေးရူးသွေးတန်း စိတ်ရူးပေါက်ချက်တွေ။ ဘာတဲ့ party for peace ဆိုတာလဲရှိသေး။ အလကား… လက်ဖက်ရည်ဆိုင် အတွေးအခေါ်တွေ။ အင်းပေါ့ ဒီလိုမျိုးနည်းနဲ့ ငါက ဆန့်ကျင်တယ်ကွ ဆိုပြီး ရသေ့စိတ်ဖြေ တော့လုပ်လို့ရတာပေါ့။ ဒီထက်တော့ ပိုစွမ်းမယ် မထင်..။
ဒီလိုဆိုတော့ဖြင့်လမ်းဆုံတွေမှာစံပယ်ပန်းရောင်းနေတဲ့သူတွေကိုဘယ်လိုနေရာပေးရမလဲ မသိဘူးဗျ… နော်..
ကြောင်ကြားတဲ့ အတွေးအခေါ်တွေထဲက တစ်ခုဖြစ်မယ်ထင်ပါရဲ့..ဒီလိုဟာမျိုးတော့ ကျွန်တော်လည်း မကြိုက်ချင်ဘူးဗျာ ဘယ်နှယ့်… ဘယ်လိုများ စိတ်ကူးလည်း မသိဘူး..
တော်ကြာ… counter အနေနဲ့  ခံနေတဲ့သူတွေပွင့်အောင် ‘ခံပွင့်’ တွေ ဘာတွေ လာနေအုံးမယ်.. အဝါနဲ့ အနီ လို ‘စံပယ်’ နဲ့  ‘ခံပွင့်’ ပေါ့.. ဟီ ဟိ.. :D

ကျွန်တော့် အတွေးထဲမှာတော့ ဒီကဗျာလေးကိုဘဲ ……..

သင်သေသွားသော်

သြော် . . . လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
.
သို့တပြီကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
.
သင်၏မျိုးသား၊ စာ စကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
.
သင် ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။
ဆရာဇော်ဂျီ



Entry Filed under: ထွေရာလေးပါး. .

Leave a Comment

Required

Required, hidden

Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Trackback this post  |  Subscribe to the comments via RSS Feed


 

December 2008
M T W T F S S
     
1234567
891011121314
15161718192021
22232425262728
293031  

တခြား ဖတ်စရာ

Blogroll

လတ်တလော ရေးခဲ့တာတွေ

အကြောင်းအရာအလိုက်

လအလိုက်